လူထုဗဟိုပြု စီမံကိန်း အုတ်ဖိုမြို့နယ် စီမံကိန်း မိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Okpho

Bago, 19 November 2020, Skynet Media Coverage

 

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အုတ်ဖို မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၈)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လူထုဗဟိုပြု စီမံကိန်းကို တိုင်းနဲ့ပြည်နယ် အသီးသီး မြို့နယ် ၁၃ မြို့နယ်မှာ တိုးချဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီး အတွင်းမှာ အုတ်ဖိုမြို့နယ်အား ရွေးချယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

လူထုဗဟိုပြု စီမံကိန်း ရွေးချယ်ရာမှာ စိတ်အား တက်ကြွမှု ရှိတဲ့ မြို့နယ်တွေကို စည်းမျဉ်းတွေ အတိုင်း ရွေးချယ်တာ ဖြစ်ပါတယ်။

အခု စီမံကိန်းကို အုတ်ဖို့မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ၂၈၃ ရွာ မှာ လေးနှစ်တာ ဆောင်ရွက်မှာ ဖြစ်ပြီးတော့ ပထမနှစ်မှာ ကျပ်သန်းပေါင်း ၂,၀၃၂သန်း ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ရရှိငွေတွေကို ကျေးရွာ အရေအတွက် အလိုက် လူဦးရေ အလိုက် ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ကျေးရွာမှာ ရှိတဲ့ လူထုတွေကို ဖွံ့ဖြိုးရေး လုပ်ငန်း သင်တန်းတွေ ပို့ချကာ ဘယ်လို လုပ်ငန်းတွေ ရွေးချယ်ရမယ်၊ ဘယ်လို လုပ်ရမယ် ဆိုတာတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

 

သတင်း - ချမ်းဦးလွင်(ပဲခူး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage

https://web.facebook.com/skynetutd/photos/pcb.1664133120458068/1664132723791441/