ရှားတောမြို့၌ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှားတော၊ ဇူလိုင် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်စီမံကိန်း ရေးဆွဲရေးတွင် ကျေးရွာပြည်သူများမှ တောင်းဆိုလာသော လုပ်ငန်းများအား သက်ဆိုင် ရာဌာန များမှ ထည့်သွင်းလျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးထိုက် က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွေးအောင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လွိုင်ကော်-ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး နည်းပညာအကြံပေး အဖွဲ့ ခေါင်းဆောင် ‌ဒေါ်နော်ဂျူးလစ်က လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက ကျေးရွာပြည်သူများတောင်းဆို လာသော လုပ်ငန်းများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားကဏ္ဍစသည့်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သည့် လုပ်ငန်းများအားလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်နိုင်ရေးအုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ တောင်းဆိုလာသော လုပ်ငန်း(၉၄)ခုရှိရာဆောင်ရွက်ပြီးစီးသည့်လုပ်ငန်း(၂၀)ခုနှင့်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်၍ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက် သည့် လုပ်ငန်း(၃၉)ခု လျာထား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/24/07/2020/id-25068