အမေးအဖြေကဏ္ဍ

ဝေဖန်အကြံပြုတိုင်ကြားမှုဖြေရှင်းရေးစနစ်ဆိုသည်မှာ လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်သူပေါင်းစုံအားလုံး(မည်သည့်လူမျိုး၊ဘာသာမရွေး၊အခြားအထူးအုပ်စုအပါအဝင်) ဝေဖန်အကြံပြုတိုင်ကြားမှုများပြုလုပ်နိူင်ရန် စီစဉ်ဖော်ဆောင်ထားသည့်စနစ်ဖြစ်သည်။

အကြံပြုစာတိုက်ပုံး၊ ရပ်ရွာလူထု အစည်းအဝေး၊ လူကိုယ်တိုင်(သို့) အခြားသူထံမှတစ်ဆင့်၊ တယ်လီဖုန်း၊ အီးမေးလ်၊ ဝက်ဘ်ဆိုက်နှင့် အခြားအဆင်ပြေမည့် နည်းလမ်းများဖြင့်လည်း တိုင်ကြား နိူင်ပါသည်။ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုအဆင့် စသည် ဖြင့် သက်ဆိုင်သောအဆင့်များသို့ တိုင်ကြားနိူင်သည်။

 

စီမံကိန်းနှင့်ပတ်သက် ဆက်နွယ်သူအားလုံး မည်သူမဆို ဝေဖန်အကြံပြုတိုင်ကြားနိူင်ပါသည်။ မည်သည့် ဘာသာ၊လူမျိ်ုး၊ ဘာသာစကားနှင့် ဖြစ်စေ လူကြီး၊ လူငယ်၊ ကျား၊မ မရွေး ဝေဖန်အကြံပြု တိုင်ကြားနိူင်ပါသည်။

 

ဝေဖန်အကြံပြုတိုင်ကြားချက်အားလုံးအတွက် တိုင်ကြားသူအမည် မဖော်ပြပဲဖြေရှင်း ဆောင်ရွက် ပေးသွားပါမည်။စည်းရုံးရေးမှူးများနှင့် ရပ်ရွာလူထုမှ ယုံကြည်စွာ ရွေးချယ်ထားသော ကျေးရွာအုပ်စုအဆင့် အကြံပြုတိုင်ကြားဖြေရှင်းရေးကော်မတီအဖွဲ့ဝင်များသည် ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ပါသည်။

စာဖြင့် အိမ်တိုင်ရာရောက် အကြောင်းပြန်ခြင်း၊ တိုင်ကြားသူအမည်မဖော်ပြပဲ ရပ်ရွာ လူထု အစည်းအဝေးပွဲတွင် အကြောင်းပြန်ခြင်း၊ ရပ်ရွာတွင်းရှိ ကြေငြာသင်ပုန်းတွင် တိုင်ကြားသူ အမည် မဖော်ပြပဲ အကြောင်းပြန်ခြင်း၊ တယ်လီဖုန်းဖြင့် အကြောင်းပြန်ခြင်း စသည်တို့ဖြင့်အကြောင်း ပြန်ကြားပေးပါသည်။

ဝေဖန်အကြံပြုတိုင်ကြားခြင်းဖြင့် အကျိုးခံစားခွင့်ရှိသူများအနေဖြင့် တာဝန်ခံယူမူပိုမို အားကောင်းလာစေခြင်း၊ စီမံကိန်းအပေါ် အကျိုးသက်ရောက်နိူင်သောပြဿနာများကိုဖြေရှင်းခြင်းအပါအဝင် ဝန်ထမ်း၏ အကျင့်ပျက်ပြားခြင်း၊ ရန်ပုံငွေ အလွဲသုံးစားပြုခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း နှင့် အခြားမသင့်လျော်သော အပြုအမူများရှိပါက ဝေဖန်အကြံပြုတိုင်ကြားနိူင်ပြီး ပြန်လည်ဖြေရှင်းနိူင်ခြင်း၊  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှု တိုးတတ်လာခြင်း၊ အဂတိလိုက်စားမှု အန္တရာယ်များလျော့နည်းလာစေသည့်အပြင် အရေးပါသော တုံ့ပြန်မှုများနှင့် စီမံကိန်းစီမံခန့်ခွဲမှု အတွက် လေ့လာသင်ယူမှုများ ပြုလုပ်နိူင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိူင်ပါသည်။