တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း ရှာထောဇန်ကျေးရွာ လုပ်ငန်းခွဲအတွက် လူထု စစ်တမ်းကောက်ယူ

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လမ့်ထန်ကျေးရွာအုပ်စု ရှာထောဇန်ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးခတ်တဲ့ လုပ်ငန်း ပြီးစီး ဆောင်ရွက် ခဲ့နိုင်မှု့ကို စက်တင်ဘာလ ၅ ရက်နေ့မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်း၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်း တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စီမံကိန်း နည်းပညာ အကြံပေး ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတွေက ကျေးရွာလူထုနှင့် အတူ လူထုစစ်ဆေးပွဲ ဆောင်ရွက် ခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ ကိုဗစ်19 ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့ အညီ လူထုစစ်ဆေးပွဲ၊ လူထုဗဟိုပြု စီမံကိန်း လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆောင်ရွက်ပြုလုပ်သွားမှာ ဖြစ်တဲ့ လမ်းညွှန်ချက်တွေကို ရှင်းလင်းဝေမျှခဲ့ပါတယ်။

ဆက်လက်ပြီး လူထုစစ်ဆေးပွဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကား ပြောကြားပြီး တာဝန်ကျ လက်ထောက်နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူးတို့က လူထုစစ်ဆေးပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျေးရွာ ကော်မတီဝင်တွေက ရှင်းလင်းပြောကြားပြီး၊ ကျေးရွာလူထု သိစေဖို့ လော်စပီကာနဲ့ ကြေညာပြီးတော့ ကြော်ညာသင်ပုန်းမှာလည်း အချက်အလက်တွေကို ကပ်ထားပေးခဲ့ပါတယ်။

အဲဒီနောက် စီမံကိန်း လုပ်ငန်းခွဲရဲ့ ရလာဒ်အပေါ် ကျေးရွာ ကော်မတီဝင်တွေက မဲပေးတာ၊ ကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို တအိမ်တက်ဆင်း ကောက် ခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank