ကသာမြို့နယ် ကျေးရွာ(၆)ရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း Cash For Work စီမံကိန်း လုပ်ငန်းခွဲ (၈)ခု လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီး

Some 8 Cash for Work Project Activities in 6 Villages of Katha Completed 100 Percent

Sagaing, 1 October 2020, Sagaing

ကသာ ၁ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်း လုပ်ငန်းခွဲ (၈)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းခွဲ(၈)ခုသည် လုပ်ငန်းအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျှော့နည်းလာမှု ကို ကုစားပေးနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်း ပံ့ပိုးငွေကျပ် (၆၀၀) သိန်းဖြင့် ရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်း(၃)ခု၊ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၂)ခု၊ ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ် ရေမြောင်း တူးဖော်ခြင်း(၁)ခု နှင့် ရွာတွင်းလမ်း ဘေးဝဲယာ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်း(၁)ခုတို့ကို ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

http://www.mdn.gov.mm/my/ksaamiuny-keraa6raan-kiubc-19-kaalattng-cash-work-ciimnkinlupngnkhai8khu-lupngnaaalun-raanunpnny