နတ်မောက်မြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

နတ်မောက် စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက Cash For Work စီမံကိန်းနှင့် ဆောင်ရွက်သည့်ကျေးရွာ (၁၂)ရွာအနက် ကျေးရွာ (၄)ရွာနှင့် မတည်ရန်ပုံငွေ ( VRFP) စီမံ ကိန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ(၁၀)ရွာအနက် (၃)ရွာတို့အား ကွင်းဆင်းကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် Cash For Work စီမံကိန်းနှင့် ဆောင်ရွက်သည့် ရွာသာလေး ကျေးရွာ၊ ကျွန်းဘိုစမ်းကျေးရွာ၊ အိုင်မကျေးရွာများတွင် ကျေးရွာအတွင်း မြေသားလမ်းခင်းခြင်းနှင့် လယ်ပြင် ကန်ကျေးရွာ မြေသားကန်ပြုပြင်ခြင်းလုပ်ငန်းများ၊ မတည်ရန်ပုံငွေ ( VRFP) စီမံကိန်းနှင့်အကောင် အထည်ဖော်ဆောင်ရွက်သည့် ဆည်ကြီးကျေးရွာ၊ အေးမြသာစည်ကျေးရွာ၊ ညောင်အိုင်ကျေးရွာတို့တွင် မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ အား မကွေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများက အဆိုပါဆောင် ရွက်ထားသည့် လုပ်ငန်းများအားကြည့်ရှု စစ်ဆေးခဲ့ကြရာ ကျေးရွာရှိကော်မတီဝင်များကို လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

လှဝင်း (နတ်မောက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8581