ဟိုပုံးမြို့နယ် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်မည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကျေးလက်နေပြည် သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများအား ဖြေလျှော့ပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Cash For Work စီမံကိန်းတွင်ပါဝင်သည့် ငွေကျပ်သိန်း ၁၀၀ ကျေးရွာ(၆)ရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်းတွင် ပါဝင်သည့် ငွေကျပ်သိန်း ၃၀၀ ကျေးရွာ ၃ ရွာ၊ သိန်း ၂၀၀ ကျေးရွာ ၃ ရွာ၊ သိန်း၁၀၀ ကျေးရွာ ၃ ရွာတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်တို့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကော်မတီများကိုယ်စား ကော်မတီဝင်များက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/28/07/2020/id-25444