Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦး ဩဂုတ် - ၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် သင်းတိမ်း ကျေးရွာအုပ်စု အေးစွကျေးရွာလမ်း မြေသားတင်ခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည် ။

အဆိုပါလမ်း ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ ၊ ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်သည့် ကော်မတီဝင်များ ပါဝင်ကြသည်။

သင်းတိမ်းကျေးရွာအုပ်စု အေးစွကျေးရွာ လမ်း မြေသားတင်ခြင်း၏ လမ်းအရှည် ၂၆၃၅ ပေ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၆လက်မဖြစ်ကြောင်း ၊ ခွင့်ပြုငွေကျပ် (၁၀)သန်းဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ခြေ(၁၄၂) အိမ်နှင့်လူဦးရေပေါင်း(၆၆၂)ဦးရှိပါကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းထံမှသိရသည် ။

တံတားဦး မြို့နယ် အနေဖြင့် Cash for Work စီမံကိန်းကျေးရွာ (၁၀)ရွာဖြစ်ပြီး ၊ ကျေးရွာ မတည်ရန်ပုံ ငွေ(VRFP)စီမံကိန်း ကျေးရွာ(၈)ရွာ ဖြစ်ကြောင်း ၊ အဆိုပါ စီမံကိန်း လုပ်ငန်းတိုင်း အကောင် အထည် ဖော်ရွက်မှုသည် သုံးလအတွင်အပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ Cash For Work စီမံကိန်းသည် ကိုဗစ်-၁၉ရောဂါကာလ အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးမှ ပြောပြသည် ။

ရဲတင့် (တံတားဦး-ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/2532