ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းဝင် ကျေးရွာများတွင် မြေ သားလမ်း ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ ရေကန်ဘောင် ပြု ပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ် ကာလ အရေးပေါ် တုံ့ပြန်သည့် အစီအစဉ်တစ်ခု ဖြစ်သော Cash for Work စီမံကိန်း‌ ဆောင်ရွက်ရန် မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာကို ရွေးချယ်၍ ကျေးရွာ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်ပါဝင်ပြီး လုပ်အားခ ငွေရရှိစေမည့် Cash for Work စီမံကိန်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် အထက်ဆိပ်ကျေးရွာနှင့်ညောင်နီ ကုန်းကျေးရွာများတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကြခတ်ကုန်းလေး ကျေးရွာအုပ်စု၊ အထက်ဆိပ် ကျေးရွာတွင်‌ရေကန်ဘောင်ပြုပြင်ခြင်း နှင့် မြေသား လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ညောင်နီကုန်း ကျေးရွာတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း များကို စီမံကိန်း ထောက်ပံ့ရန် ပုံငွေကျပ်သိန်း(၁၀၀)တွင်တည် ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများအတွက် သိန်း (၄၀)၊ လုပ်အားခအဖြစ် သိန်း(၆၀) ရရှိမည်ဖြစ်ရာ ကျေး ရွာနေ ပြည်သူများအတွက် လုပ်အားခ ပေးချေမည့်လုပ် ကွက်များကို လည်း သတ်မှတ်‌ပေးထားကြောင်း သိရသည်။

 

ကွမ်းခြံကုန်း မြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ရန် ထင်းပုံဆိပ်ကျေးရွာ၊ ညောင်နီကုန်း ကျေးရွာ၊ အထက်ဆိပ်ကျေးရွာ၊ သိုက်ကုန်းကျေးရွာ၊ မယ်ရကုန်းကျေးရွာ၊ ဘိုးသီကုန်းကျေးရွာ၊ ဘောစကိုင်းကျေးရွာ၊ တောကဆော့ ကျေးရွာတို့ကို ရွေးချယ်ထားပြီး‌ ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အ ထောက်အကူ ပြုနိုင်မှာ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ထွန်းထွန်းစိုး (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3550