မိုင်းဖြတ်မြို့နယ် မဟီးကောင် ကျေးရွာ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က မဟီးကောင် ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ အဝင် ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ ပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

အဲဒီ မဟီးကောင်ကျေးရွာ ကျေးရွာ အဝင်လမ်း ကျောက်ရောမြေခင်းခြင်းကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ မိုင်းဖြတ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်က ပြောပါတယ်။

လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို တာချီလိတ် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်နဲ့ ဝန်ထမ်းတွေက ကျေးရွာ ကော်မတီဝင်တွေနဲ့ အတူ မဟီကောင် ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ အဝင် ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တာတွေကို ဖြည့်စွက် မှာကြားခဲ့ပါတယ်။

သတင်း - ကိုစိုင်း (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage