မိုင်းခတ်မြို့နယ် Cash for Work စီမံကိန်းလုပ်ငန်း ကျေးရွာ ၁၁ ရွာတွင် ဆောင်ရွက်ပြီးစီး

Cash for Work Project Activities in 11 Villages of Mongkhet Completed

Shan, SkyNet Media Coverage

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာ နိုင်ငံတော် အစိုးရ၏ COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းနဲ့ စုစုပေါင်းငွေကျပ် သိန်း ၁၁၀၀ နဲ့ Cash For Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ဇူလိုင်လ မှ စက်တင်ဘာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျေးလက် ရေပေးရေး လုပ်ငန်း(၁)ခု ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း (၄)ခု ၊ မြေသားလမ်း ချဲ့ထွင်ခြင်း လုပ်ငန်း (၃)ခု ၊ ကျေးရွာပိုင် ငါးကန် တူးဖော်ခြင်း လုပ်ငန်း (၃)ခု လုပ်ငန်းခွဲ စုစုပေါင်း (၁၁)ခု ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ အားလုံး ၁၀၀% ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းကြောင့် မိုင်းခတ်မြို့နယ် အတွင်း ကျေးရွာ(၁၁) ရွာရှိ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာပြီး ကျေးလက်နေ ပြည်သူ ကျား (၃၄၇) ဦး ၊ မ (၂၀၈) ဦး စုစုပေါင်း (၅၅၅) ဦး မှ အလုပ်ကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများ ရရှိလာကြောင်း မြို့နယ်ဦးစီးမှူး ဦးရန်ကျော် လက်ထောက် ညွှန်ကြားရေးမှူး ထံမှ သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/4vqSxQGJxPE