မယ်စဲ့မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မယ်စဲ့ စက်တင်ဘာ ၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ပြေလည်စေရန်နှင့် မိသားစုဝင်ငွေ ရရှိစေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် နမ့်ဟူးကျေးရွာ ခန်းမဆောင် ခြံစည်းရိုးကာရံခြင်းနှင့် (၂)ခန်းတွဲ အိမ်သာတည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာဆေးပေးခန်း အဝင်လမ်း ကျောက်ချောလမ်းခင်း ခြင်းနှင့် Pipe Culvert တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်ကျေးရွာ ဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရွာတွင်း လမ်းပြုပြင်ခြင်း လုပ်ငန်း၊ ဟိုစဲ့ကျေးရွာ မူကြိုကျောင်း (၃၆ x ၂၇ x ၁၂)ပေ တိုးချဲ့ပြုပြင်ခြင်း လုပ်ငန်းများကို ဇူလိုင် ၂၃ ရက်က လုပ်ငန်းစတင်ခဲ့ရာ ဩဂုတ် ၂၈ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် စီမံကိန်းတာဝန်ခံတို့က ယမန်နေ့က လုပ်ငန်း များ အရည်အသွေးပြည့်မီစေရေးနှင့် စီမံကိန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

ကယားပြည်နယ်

https://www.moi.gov.mm/iprd/news/9777

https://www.moi.gov.mm/iprd/node/9777?fbclid=IwAR1iHx7_rvyuvbKIuTarnFU_7Nelk1mcW5M3laeWDTadwVKF9_C9fReQwHc