ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့ရှိ Cash for Work စီမံကိန်း လုပ်ငန်းများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှာ ကိုဗစ် ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ Cash for Work စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စက်တင်ဘာလ ၄ ရက်နေ့က ကွင်းဆင်း စစ်ဆေး ခဲ့ကြပါတယ်။

ကွင်းဆင်း စစ်ဆေးရာမှာ ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲ မြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အုန်းပင်စု ကျေးရွာ အုပ်စု အိုင်ကောက် ကျေးရွာအတွင်း ကျောင်းခြံစည်းရိုး ပြုပြင်တာ ရွာတွင်းလမ်း အုတ်ဘောင်ခတ်ပြီး အုတ်ကျိုးခင်းတာ၊ စာသင်ကျောင်းလမ်း ကွန်ကရစ် ခင်းတာ ပဒတ်ကျေးရွာ အုပ်စု၊ ကညင်ကုန်း ကျေးရွာ အတွင်း ဂဝံလမ်း ခင်းတာ နဲ့ ရေမြောင်း တူးဖော်တာ ကမန်းတောင် ကျေးရွာ အုပ်စု ကွင်းဘော ကျေးရွာ အတွင်း ကျောက်ကြမ်းလမ်း ခင်းတာ လမ်းတာဘောင် မြေဖို့တာ၊ ကြခတ်ကွေ့ ကျေးရွာ အုပ်စု ပဲလှော်ကုန်း ကျေးရွာအတွင်း ကျောက်ကြမ်းလမ်း ခင်းတာ နဲ့ မြေသား ရေကန် အဆင့်မြင့်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကို မြောင်းမြခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသင်းဦးနဲ့ တာဝန်ရှိသူတွေက ကြည့် ရှု့ စစ်ဆေးပေးခဲ့ ကြပါတယ်။

အလားတူပဲ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဒွန်းကျိုင်း ကျေးရွာအတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးခဲ့တဲ့ အခြေအနေကို မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနဲ့ တာဝန်ရှိသူတွေက ကြည့်ရှု့ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ချစ်သက်လယ် (အိမ်မဲ)၊ စိုင်းအောင်ဇော်လင်း

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage