ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ညောင်လေးပင် ၂၂ စက်တင်ဘာလ

ကိုဗစ်-၁၉ ကာလ၌ ကျေးလက်နေပြည်သူများ စီးပွားရေးထိခိုက်မှု လျော့နည်း သက်သာစေရန်အတွက် စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် (Cash For Work) စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP) နှစ်ခုကို စက်တင်ဘာ ၂၂ ရက်နေ့ထိ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း​ရှိ ကျေးရွာ(၈)ရွာတွင်(Cash For Work) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ ကိုဗစ်-၁၉ ကာလ စီးပွားရေးကျဆင်း၍ ဝင်ငွေ ထိခိုက်သော ပြည်သူများအား လုပ်အားခပေးချေ၍ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်း ဖြစ်ပါသည်(Cash For Work)စီမံကိန်းဖြင့် ကျေးရွာ(၈)ရွာတွင် လုပ်ငန်း ၂၁ ခု အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/my/nnyeaanglepngmiunyattng-kiubc-19-kaal-ciipaarekucaamu-aciiacnyar-ciimnkinlupngnmaa-cheaangrkpiicii