မလှိုင်မြို့နယ် ရုံးတော ကျေးရွာ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် မလှိုင်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူများရဲ့ လူမှု့ စီးပွားရေး ဘဝ ထိခိုက်မှုများကို တုန့်ပြန်ဆောင်ရွက်တဲ့ အနေနဲ့ မိသားစု ဝင်ငွေ ရရှိရေးအတွက် Cash for Work စီမံကိန်း ဖြင့် ရုံးတောအုပ်စု ရုံးတော ကျေးရွာမှာ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုစု ၊ ဒေါ်ခင်မာလွင် ဦးစီးအရာရှိ (နည်းပညာ) နဲ့ ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ စက်တင်ဘာလ ၇ ရက်နေ့က ကွင်းဆင်း ကြီးကြပ် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။

 

သတင်း - ဟိန်းထက်ကျော် (မလှိုင်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage