မော်လမြိုင်ကျွန်း မြို့နယ် ဖိုးရွှေမင်း ကျေးရွာ Cash for Work စီမံကိန်းအား ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ ခရိုင် မော်လမြိုင်ကျွန်း မြို့နယ် လပွတ်ကွဲနုံးတန်း ကျေးရွာ အုပ်စု ဖိုးရွှေမင်း ကျေးရွာမှာ Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ ကျေးရွာတွင်း မြေသားလမ်းကို သဲခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေတဲ့ လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီက ခရိုင်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် စီမံကိန်း တာဝန်ခံ ဦးကျော်ဇေယျ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် စီမံကိန်း တာဝန်ခံ ဒေါ်တိုးတိုးလွင်၊ ဒုတိယ ဦးစီးမှူးနဲ့ တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနှင့် အတူ အရည်အသွေး ပြည့်မှီမှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ဖိုးရွှေမင်း ကျေးရွာတွင် မြေသားလမ်း သဲခင်းခြင်း အရှည်ပေ ၆၁၃၀ ပေ၊ အကျယ် ၄ ပေ၊ ထု ၆ လက်မ ဖြစ်ပြီးတော့ Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးပြီး အနီးကပ် ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - တေဇာလင်း

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage