စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းပို့ချ

မြောင် စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ဆောင်ရွက်မည့် ဖွားစောကျေးရွာ စီမံကိန်း ကော်မတီဝင်များအား ကျေးရွာအဆင့် စီမံခန့် ခွဲမှု သင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျေးလက် ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိပါသည်။

သင်တန်းတွင်စီမံကိန်း အကြောင်းအရာများ၊ စီမံကိန်းတွင် ထားရှိဆောင်ရွက်ရမည့် ငွေစာရင်း ဇယားတိုင် ဖြည့်သွင်းခြင်းများ၊ ရွေးခြယ်ရမည့် လုပ်ငန်းများ၊ မရွေးခြယ်ရမည့် လုပ်ငန်းများနှင့် စီမံကိန်း ကော်မတီဝင်များ ၏ တာဝန်နှင့် ဝတ္တရားများ အကြောင်းကို သင်တန်း နည်းပြ ဒေါ်အိမွန်ကျော် (အငယ်တန်း အင်ဂျင်နီယာ-၂) က ပို့ချပေးခဲ့ကြောင်း သိရှိပါသည်။

အဆိုပါ သင်တန်းသို့ ဖွားစောကျေးရွာမှ စီမံကိန်း ကော်မတီအဖွဲ့ဝင် (၁၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၁) ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း သိရှိပါသည်။

တင်ကိုကို

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8878