ကလေးမြို့နယ် ဘိုကုန်းကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်း ဆောင်ရွက်

ကလေး ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ခုံတိုးမြို့သာကျေးရွာအုပ်စု ဘိုကုန်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းကျင်းနေမှုကို ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခန့်က ခရိုင်ကျေးလက်ဉီးစီးမှူး ဒေါ် ဥမ္မာရှိန်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးငူလ်ဆွင်းခိုင် နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ဘတ်ဂျတ်ကာလအတွင်း အချိန်မီပြီးစီးရန် နှင့်သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြသည်။အဆိုပါ ကျေးရွာတွင်း သဲကျောက်လမ်းမှာ အရှည်မှာ ၄၃၀၀ပေ၊ အကျယ် ၁၂ ပေခန့်ရှိပြီး ထုထည် အားဖြင့် ၆လက်မခန့် ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/28/07/2020/id-25363