ပင်လည်ဘူး မြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Village Revolving Fund Project Activities in Pinlebu Monitored by Respective Officials

Sagaing, 13 November 2020, Ministry of Information

ပင်လည်ဘူး နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ် အကိုင်များ အဆင်ပြေစေရန် ကျေးရွာ (၉) ရွာတွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိရာ ပန်းခူးကျေးရွာတွင်(Type-2)ငွေကျပ် သိန်း(၂၀၀)ဖြင့် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများနှင့် စာရင်းဇယားများအား ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ​ကို ပေါင်းစပ် ညှိနှိုင်း​ ဆောင်ရွက်​ခဲ့‌ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၈၈) အိမ်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်ကြကာ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူ (၁၃)ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူ (၁၂)ဦးနှင့် အခြား ကုန်ရောင်းကုန်ဝယ် လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သ ူ(၄)ဦး စုစုပေါင်း (၂၉)ဦးရှိပြီး လုပ်ငန်းများ အဆင်ပြေလျက ်ရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းတွင် (Type-1)၊ (Type-2)၊ (Type-3) အပိုင်းများခွဲ၍ ဆောင်ရွက်ထားရှိပြီး (Type-1)တွင် ငွေကျပ်သိန်း(၃၀၀)ဖြင့်ကျေးရွာ (၅)ရွာ၊ (Type-2)တွင် ငွေကျပ်သိန်း (၂၀၀)ဖြင့် ကျေးရွာ(၃)ရွာ၊ (Type-3)တွင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ (၁)ရွာ စုစုပေါင်းကျေးရွာ (၉)ရွာတို့တွင် ကျေးရွာမတည် ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ကြကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများမှာ အောင်မြင်ပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)

https://www.moi.gov.mm/iprd/news/20870