ကျိုင်းတုံ၌ ကျေးရွာမတည်ငွေ စီမံကိန်း (VRFP) ရန်ပုံငွေ ပေးအပ်ပွဲနှင့် Cash for Work စီမံကိန်း တာဝန်ပေး အပ်ပွဲ အခမ်းအနားကျင်းပ

ကျိုင်းတုံ ဇူလိုင် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည်ငွေစီမံကိန်း(VRFP)ရန်ပုံငွေပေးအပ်ပွဲနှင့် Cash for Work စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်း အနားကို ကျိုင်းတုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျုံးလျန်ဗွိုင်းက ကျိုင်းတုံမြို့တွင် အကောင် ထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှူး ဦးကျုံးလျန်ဗွိုင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးရဲခေါင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်နှင့် ခရိုင်ငါးလုပ်ငန်း ဦးစီး ဌာနမှူး ဦးမင်းမင်းတို့က နောင်နွန်းကွက်သစ်၊ ပါလင်၊ ဝမ်နွဲ့၊ ဖားရံနွဲ့၊ ဟတ်ဟိုင်းနှင့် ဝမ်ဆောင် စသည့် ကျေးရွာများအတွက် ကျေးရွာမတည်ငွေစီမံကိန်း(VRFP)ရန်ပုံငွေများပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုးက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် Cash for Work စီမံကိန်း လုပ်ငန်း တာဝန်များကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)

ရှမ်းပြည်နယ်

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/30/07/2020/id-25789