ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၉၀)ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိ

ရွှေဘို ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် Cash for Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား (၄၉၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိနေကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ Cash For Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် တစ်ရပ် ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေ ရရှိစေကာ ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀) ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ်မြောင်း တူးဖော်ခြင်း၊ သောက်ရေ ကန်များတူးဖော်ခြင်းနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါငြိမ်းငြိမ်းအေးမှ ပြောကြားသည်။

ထိုစီမံကိန်း၏ ခွင့်ပြုရန်ပုံငွေထဲမှ (၆၀)ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲပြီး (၄၀)ရာခိုင်နှုန်း ကို လုပ်ငန်း ပစ္စည်းဖိုး သုံးစွဲရမှာဖြစ်ကြောင်း၊ တစ်နေ့လုပ်အားခကို (၄၈၀၀)ကျပ်မှ (၆၀၀၀)ကြား သတ်မှတ် ထားကြောင်း နှင့် ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်း ကျေးရွာ(၆)ရွာရှိပြီး အဆိုပါကျေးရွာ(၆)ရွာမှ ကျေးရွာနေ လုပ်သား (၄၉၀)ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများရရှိနေကြောင်း ၎င်းမှပြော ကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)

https://www.moi.gov.mm/iprd/news/5934