တွံတေးမြို့နယ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

တွံတေး ဇူလိုင် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိအတွင်း ရေကျော်ကျေးရွာအုပ်စု၊ ကျွန်းကလေး ကျေးရွာ၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ညောင်လန်း ကျေးရွာနှင့်သံလျှက်စွန်းကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါကာလ အတွင်းကျေးလက် နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းမပျောက်ပျက် စေရေးနှင့်လုပ်အားခ ပေးချေခြင်းဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းအသစ် မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်း တာဝန်ပေးခြင်း ကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တွံတေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးမှူးဦးသက်ဦးတို့က အမှာစကားများ ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ(နည်းပညာ) ဦးပြည်စုံမောင်မောင်က Cash For Work စီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်း ဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့် လယ်ယာ/သားငါးကဏ္ဍဖွံဖြိုးတိုး တက်မှုကိုအထောက်အကူပြုခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေနိုင်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာတစ်ရွာလျှင်ငွေကျပ်သိန်း(၁၀၀) ထောက်ပံပေးခြင်း ကျေးရွာရွေးချယ်ခြင်း စီမံကိန်း မိတ်ဆက် ရှင်းလင်းခဲ့သည်။ ယင်းနောက်ကော်မတီ ဖွဲ့စည်းခြင်း ကို တက်ရောက် လာသူများက ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှဝန်ထမ်းများက အဆိုပါကျေးရွာ (၃)ရွာ၌ Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်ဥက္ကဋ္ဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်နှင့် အဖွဲ့ဝင်(၃) ဦးပါဝင်သော ကော်မတီ(၇)ဦးကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး)

#CERP

#CFW

#DRD

#MOALI

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23525