ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းနှင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၃) ရွာတို့ အတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်

လှည်းကူး သြဂုတ် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ တိုးပွားလာ စေရန် ရည်ရွယ်၍ ကျေးရွာ မတည်ရန်ပုံငွေ(V‌RFP) စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၁၀)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီးလွှတ်တော် ဒေါ်မြတ်မာလာထွန်း၊ မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းနှင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့ က အသီးသီးအမှာ စကား ပြောကြားခဲ့ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးအောင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေ၍ စိုက်ပျိုးထုတ်လုပ် ရောင်းချနေသူများ၊ အသေးစား လုပ်ငန်းလုပ်ကိုင်နေသူများအား စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်စေရန် (V‌RFP) စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာအတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၁၂၀၀)နှင့် ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသော Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၈)ရွာအတွက် ရန်ပုံငွေ ကျပ်(၈၀၀) တို့ကို တာဝန်ရှိသူများက ကျေးရွာစီမံကိန်း တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4187