ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် အင်ပင်လှ ကျေးရွာမှာ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအပေါ် ပြန်လည် ကုစားပေးသည့် အနေဖြင့် ဒေသခံ ပြည်သူများ ဝင်ငွေ ရရှိရေးနှင့် ကျေးရွာ ဖွံဖြိုးတိုးတက်စေရေးအတွက် Cash for Work စီမံကိန်း ဖြင့် ကျေးရွာတွင်း မြေသားလမ်းအား ကျေးရွာနေ ပြည်သူများ၏ လုပ်အားဖြင့် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြင့်တင် ဆောင်ရွက်လျက် ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြင့်တင် ဆောင်ရွက်နေမှုကို သတ်မှတ် စံချိန် စံညွှန်းများနဲ့ အညီ လုပ်ငန်း အရည်အသွေး ပြည့်မှီမှု ရှိမရှိကို ယမန်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများ အဖွဲ့က ကွင်းဆင်း တိုင်းတာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဆင်ပေါင်ဝဲ မြို့နယ် အင်ပင်လှ ကျေးရွာမှာ ဒေသခံ ပြည်သူများ ဝင်ငွေ ရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်း အဖြစ် ကျေးရွာတွင်း လမ်းအရှည် ပေ ၆၀၀ အား အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိတဲ့ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို စီမံကိန်း ရန်ပုံငွေ သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီးတော့ ယခု အခါမှာတော့ ကွန်ကရစ် ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ကျေးရွာ လမ်းကော်မတီ အဖွဲ့ဝင် တစ်ဦးရဲ့ ရင်တွင်း စကားသံကို လည်း အခုလိုပဲ ကြားသိရပါတယ်။

“ဒီ တောင်၊ မြောက်လမ်းကတော့ ပေ ၃၅၀ ဖြစ်ပါတယ်၊ ဒီ ရှေ့နောက်လမ်း ကတော့ ပေ ၂၅၀ ဖြစ်ပါတယ်။ ကျနော်ကတော့ လမ်းကော်မတီ အဖွဲ့ဝင် ဖြစ်ပါတယ်။ ကျနော်နာမည်က ဦးအောင်ကြည်စိန် လို့‌ခေါ်ပါတယ်။ ကျနော်တို့ ကျေးရွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းလုံးမှုကြောင့် ဒီလမ်းဟာ စောစော စီးစီး ပြီးသွားတာ ဖြစ်ပါတယ်။ ကျနော်တို့ ၇ လပိုင်း ၂၆ ရက်နေ့က စခဲ့ပြီးတော့ ၈ လပိုင်း ၁၆ ရက်နေ့မှာ ပြီးပါတယ်။ ကျနော်တို့ ဒီ ကွန်ကရစ်လမ်းကြီး ပြီးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဒီကျေးရွာ ကွန်ကရစ်လမ်း မခင်းခင်ကဆိုရင် ကလေးတွေ ကျောင်းတက်ရတာ သွားရေး လာရေး ခက်ခဲပြီးတော့ လမ်းချော်လဲတာတို့ ဆိုင်ကယ်လဲတာတို့ စက်ဘီးလဲတာတို့ ကလေးတွေ အခက်အခဲတွေ ကြီးကြီးမားမား ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။ အဲတာကြောင့် ကျနော်တို့ အခုလို ကျေးလက်ဦးစီးဌာနက အခုလို ကွန်ကရစ်လမ်း ခင်းပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။” - ဦးအောင်ကြည်စိန်၊ လမ်းကော်မတီ အဖွဲ့ဝင်၊ အင်ပင်လှ ကျေးရွာ ။

၂၀၁၉-၂၀၂၀ ခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ စီးပွားရေး ထိခိုက်မှုများအပေါ် ပြည်လည် ကုစားပေးနေတဲ့ Cash for Work စီမံကိန်းကို ဆင်ပေါင်ဝဲ မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာမှာ လုပ်ကိုင်ဆောင်ရွက် လျက် ရှိကြောင်း သိရှိရပါတယ်ရှင်။

သတင်း - ဆင်ပေါင်ဝဲ မြို့နယ်( ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://web.facebook.com/watch/?v=735194123991625&extid=carUt1HOTb4eOKG2