ဒုတိယဝန်ကြီး ဦးလှကျော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ကျေးရွာ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှု Cash for Work Project in Tachileik Monitored by Deputy Minister Shan, 3 August 2020, Ministry of

တာချီလိတ် ဩဂုတ် ၃

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် တာလေမြို့နယ် မိုင်းလင်း အရှေ့ရှိ ဝမ်ပိုင်းကျေးရွာ သောက်ရေသုံးရေ ရရှိရေးအတွက် ၂ လက္မပိုက်ဖြင့် အရှည်နှစ်မိုင် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မိုင်းလင်းဆရာတော်ကျောင်း သို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီးအလှူငွေများ ပေးအပ် လှူဒါန်းသည်။

နိုင်ငံတော်မှချမှတ်ပေးထားသည့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash For Work နှင့် Village Revolving Fund Project ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။

တာချီလိတ်ခရိုင်အတွင်းရှိ CFW စီမံကိန်းရွာ ၂၅ ရွာနှင့် VRFP စီမံကိန်း ကျေးရွာ ၁၈ ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း များအကောင် အထည်ဖော်ရာတွင် ကျေးလက်နေပြည်သူများ၏ လုပ်အား ပါဝင် ဆောင်ရွက်စေပြီး လုပ်အားခများ ပြည့်ဝစွာရရှိနိုင်ရန် စီမံကိန်း၏ ခွင့်ပြုရန်ပုံငွေမှ လုပ်အားခအဖြစ် ၆၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ပြုထားကြောင်းသိရသည်။

ယာဆေး (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

 

https://www.moi.gov.mm/?q=node%2F38453&fbclid=IwAR3kd6Qs1s0MiEnlPHzXNh2mvP1oJNO7RV4GLcNEwkzzb5MqDgIiq8kk2OY