နတ်မောက် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုကို ကုစားရန်အတွက် Cash For Work စီမံကိန်းအား ဇူလိုင်လ စတုတ္ထပတ်မှ စတင်၍ ကျေးရွာ (၁၂) ရွာတွင် အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်း သိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ အလုပ်လက်မဲ့ ပြည်သူတွေ ၊ ဝင်ငွေမရှိတဲ့ ပြည်သူ တွေ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းများအား ပါဝင်ဆောင် ရွက်စေကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်သူများအား တစ်နေ့တာလုပ်အားခအဖြစ် လူတစ်ဦးလျှင် ကျပ် (၅၀၀၀) မှ ( ၆၀၀၀ )အထိပေးချေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ပိတောက်ငုတ် (ရွာကြီး) ကျေးရွာ၊ အိုင်မကျေးရွာ၊ ကျွန်းဖိုစမ်းကျေးရွာ၊ ရွာသာလေးကျေးရွာနှင့် သီးချောင်းကျေးရွာ စုစုပေါင်းကျေးရွာ (၅) ရွာတွင် ကျေးရွာ တွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်းများ ၊ ကျောင်းကုန်း ကျေးရွာ၊ ဝါးရုံကုန်းကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ လယ်ပြင်ကန်ကျေးရွာ၊ ကြက်သောက်တွင်းကျေးရွာ၊ ညိုသုမြောင်ကျေးရွာနှင့် မကျီုးချို ကျေးရွာစုစုပေါင်း ကျေးရွာ (၇) ရွာတွင် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းကျေးရွာ (၁၂) ရွာတွင် လုပ်ငန်းခွဲ (၁၂) ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။
(နတ်မောက်)
#CFW, #CERP, #DRD, #MOALI
Credit – Ministry of Information