လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၁၃ ရွာ၌ စီမံကိန်းအောင်မြင်စွာ ဆောင်ရွက်ပြီးစီး

လေရှီး ၁၉ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ဒေသခံများ ဝင်ငွေရရှိရေးစီမံကိန်းဖြင့် ကျေးရွာ ၁၃ ရွာတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ကျေးရွာ ၁၃ ရွာတွင် ဆောင်ရွက်လျက်ရှိရာ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ဒေသခံများဝင်ငွေရရှိရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင် ရေမြောင်းဖော်ခြင်း၊ စိုက်ပျိုးမြေများ ရှင်းလင်းခြင်းနှင့် လမ်းသစ်များ ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းကျေးရွာများမှာ အောင်ဇေယျကျေးရွာ၊ ငကျန်ကျေးရွာ၊ ထဝိုင်ကျေးရွာ၊ ဆုံကင်းကျေးရွာ၊ ကူကီးရွာမကျေးရွာ၊ ရော်ပါးမီကျေးရွာ၊ ကျဲကော့ကျေးရွာ၊ မွန်းကိုင်လင်ကျေးရွာ၊ အမိမီကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ဂျီချဲခါးကျေးရွာ၊ ဘုံဘားကျေးရွာနှင့် ဖွန်သရက်ကျေးရွာတို့တွင် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ကျေးရွာ (၁၃) ရွာမှ အိမ်ခြေ ၇၁၃ အိမ်၊ လူဦးရေ ၃၇၆၆ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးခေါင်းပေ့ါက ဆက်လက်ပြောကြားသည်။

မွှေးကြူဇင်

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/my/leriimiunyttng-kiubc-19-ciipaarekucaamu-aciiacnyphng-keraapeng-13-raan-ciimnkinaeaangmngcaa