ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့အဖွဲ့ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေး ကျေးရွာမှာ Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

Yangon, 3 August 2020, SkyNet Media Coverage

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေး ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ဒီရေတောပင် စိုက်ပျိုးခြင်း၊ ရေကန် ခြံစည်းရိုးခတ်ခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုတွေကို ဩဂုတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးခန့်ဇော်နဲ့ တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။

ညွန်ကြားရေးမှူး ချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်း ဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနဲ့ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျေးရွာ ကော်မတီ ဝင်တွေနဲ့ အတူ ညောင်ဝိုင်းလေး ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ လျာထားမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တာတွေ လမ်းညွှန်မှာကြားခဲ့ပါတယ်။

သတင်း - သန်းလွင် (မကွေး)

Credit- SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI