မြဝတီမြို့၌ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

မြဝတီ ဩဂုတ် ၁၄

ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများက လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီမြို့နယ်အတွင်း Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝမ်ခဟောင်း ကျေးရွာရှိ ကွန်ကရစ်လမ်း ခင်းကျင်းခြင်းအား လည်းကောင်း၊ တောအုပ်ကျေးရွာ ကျေးရွာတွင်းလမ်း သဲ၊ ကျောက်ခင်းကျင်းခြင်း တို့အား မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် လုပ်ငန်းများအား သတ်မှတ်သည့် စံချိန်စံညွှန်းများ ကိုက်ညီမှုရှိစေရန် မှာကြားခဲ့ပြီး လိုအပ်သည်များကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/4488