Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းပြီးစီးမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး

ရွာငံ စက်တင်ဘာ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work (CFW) စီမံကိန်းဖြင့် ကျေးရွာ (၅) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာ လင်းဝေးကျေးရွာ အုပ်စု၊ ကျောက်တော(မ) ကျေးရွာတွင် ရွာတွင်းလမ်း ပြုပြင်ခြင်း နှင့် သဲဗြုန်းခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက စက်တင်ဘာ (၁) ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

အဆိုပါ Cash for Work (CFW) စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာသူ/ သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သူ အားလုံးကို လုပ်အားခအနေဖြင့် အနည်းဆုံး ငွေကျပ်(၄၈၀၀)မှ အများဆုံး ငွေကျပ ်(၆၀၀၀) အထိ ဒေသပေါက်ဈေး အတိုင်း လုပ်အားခ ပေး ချေကြောင်း သိရှိရပါသည်။

အဆိုပါ ကျောက်တော(မ) ကျေးရွာသည် ၎င်းစီမံကိန်း ရရှိသဖြင့် ကျေးရွာသူ/ သားများမှ ဝင်ငွေလည်းရရှိပြီး မိမိတို့ကျေးရွာ အနေဖြင့် လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်း တစ်ခုအား မိမိတို့ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိကြောင်း ကော်မတီဝင်များ၏ ပြောပြချက်အရသိရှိရသည်။

ထို့နောက် ရွာတွင်းလမ်းပြုပြင်ခြင်း နှင့်သဲဗြုန်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သတ်မှတ်ထားသည့် အတိုင်းအတာ အတိုင်းပြီးစီးမှုရှိ/မရှိ လုပ်ငန်းအရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီမှုရှိ/မရှိစစ်ဆေးပြီး၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မြို့နယ်ဦးစီးမှူးမှ ဆွေးနွေးမှာကြား ကြောင်း သိရှိရသည်။

ရွာငံမြို့နယ် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/8096