ဆိပ်ဖြူ မြို့နယ် Cash for Work လုပ်ငန်းများ ကျေးရွာ ၁၀ ရွာတွင် ရာနှုန်းပြည့် ပြီးစီး

မကွေး တိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ဆိပ်ဖြူ မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ ၁၀ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ၁၀ ခု ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း အဲဒီ ဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ ကျေးရွာ ၁၀ ရွာမှာ ကျေးရွာတွင်း လမ်း ပြုပြင်ခြင်း လုပ်ငန်း၊ ရေမြောင်း တူးဖော်ခြင်းနဲ့ မြေသား ရေကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဝင်ငွေ နည်းပါးလျက် ရှိသည့် ကျေးလက်နေ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေး ခြင်းဖြင့် ဝင်ငွေ ရရှိပြီး၊ ကျေးရွာတွေရဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာ ပြည်သူတွေ ကိုယ်တိုင် လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိပ်ဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage