နမ့်ခမ်း မြို့နယ် ကျေးရွာ ၃ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

Cash for Work Activities in 3 Villages of Namhkam Completed 100 Percent

Shan, SkyNet Media Coverage

နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ Cash for Work စီမံကိန်း လုပ်ငန်း တွေကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက် ရှိရာမှာ ရှမ်းပြည်နယ် မြောင်ပိုင်း မူဆယ် ခရိုင် နမ့်ခမ်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပန်စံ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၃၀၀ ရရှိပြီး ကျေးရွာ တစ်ရွာမှာ ငွေကျပ် သိန်း ၁၀၀ နဲ့ ပန်စံ ကျေးရွာမှာ စာသင်ကျောင်း ပြုပြင်တာ စာသင်ကျောင်း အဝင်လမ်း ပြုပြင်တာ၊ လမ်းဘေး ရေမြောင်း တူးဖော်တာနဲ့ ကျေးရွာ ခန်းမ ပြုပြင်ခြင်း၊ ငါးလှော်ကျေးရွာမှာ လမ်းဘေး ရေမြောင်း တူးဖော်ခြင်းနဲ့ ကျေးရွာ တွင်း လမ်း ပြုပြင်တာ လွယ်လွမ် (လီရှော) ကျေးရွာမှာ စာသင်ကျောင်း အုတ်တံတိုင်း ကာရန်ခြင်း လုပ်ငန်း တွေကို ဇူလိုင်လ ပထမပတ်က စတင် ဆောင်ရွက်လျက် ရှိရာမှာ လုပ်ငန်း အပြီးသတ် စစ်ဆေးခြင်းကို မြို့နယ် ဦးစီးမှူးနဲ့ တာဝန်ခံ အရာရှိတို့က စက်တင်ဘာလ ဒုတိယပတ် အတွင်က စစ်ဆေးကြပ်မတ် ခဲ့ပြီး အခု အခါမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နှင်းလဲ့ဝေ (နမ့်ခမ်း ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/qKeP9OLDozI