မွန်ပြည်နယ်အတွင်း Cash for Work စီမံကိန်းအတွက် ကျေးရွာ (၂၅) ရွာမှာ စတင်အကောင်အထည်ဖော်

မွန်ပြည်နယ်မှာ Cash for Work စီမံကိန်းကို ဆောင်ရွက်နေရာ မြို့နယ် ၁၀မြို့နယ်ရှိ ကျေးရွာ ၂၅ရွာမှာ စတင်အကောင်အထည်ဖေါ် နေ တယ်လို့ သိရပါတယ်။ Cash for Work စီမံကိန်းဆောင်ရွက်ဖို့ အတွက် ကျေးရွာ စုစုပေါင်း(၁၁၀) ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ပြည်နယ်အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းတွေကို စိုက်ပျိုး‌ရေး မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင် နဲ့ မွန်ပြည်နယ် ကျေးလက်ဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးတွေက ဇူလိုင်လ(၂၈) ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။Cash for Work စီမံကိန်းနှင့် ကျေးလက်မတည် ရန်ပုံငွေ စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌ မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် အနေနဲ့ အကောင်အထည်ဖော် ဆောင် ရွက်တာ ဖြစ်ပါတယ်။ စီမံကိန်း ဟာ COVID-19 ကာလအတွင်း ကျေးလက်နေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ်ကုစားနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ကိုကိုဇင်မိုး (မော်လမြိုင်ရုံးခွဲ)

#UpToDateChannel

#SKYNET

#CERP, #CFW, #DRD, #MOALI

https://www.facebook.com/skynetutd/posts/1559175337620514