ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် အဖွဲ့ ကျိုင်းတုံ မြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ရှမ်း ပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံ မြို့နယ်အတွင်း ပန်ဆန်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ရွာအဝင်လမ်း ပြုပြင်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးမောင်ဝင်းနဲ့ တာဝန်ရှိသူများက ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးရေး ဆွေးနွေးမှာကြားခဲပါတယ်။

 

ဆက်လက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တံတားဖြူ ကျေးရွာမှာ ICB-3 ဖြင့် မီးလင်းရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးရာ ကျိုင်းတုံမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲခေါင်က ရှင်းလင်းတင်ပြပြီး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)၊ သန်းလွင် (မကွေး)

#CERP, #CFW, #DRD, #MOALI

SkyNet Media Coverage