ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီ ပြီးစီးရေး Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနဲ့ အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပထမ ဦးစားပေးအနေဖြင့် မိမိတို့ ဝန်ထမ်းများအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့ အညီ နေထိုင်ကြစေလို ကြောင်း၊ ယခု အစည်းအဝေးကို ဦးစီးဌာန ရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနဲ့ Covid-19 Economic Relief Plan (CERP) အစီ အစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တွေ့ကြုံနေရတဲ့ အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို ဝိုင်းဝန်းသုံးသပ်ပြီး ဦးစီးဌာန (ရုံးချုပ်) မှ ဆောင်ရွက်ပေးရမည့် အပိုင်းများအား သိရှိလိုခြင်းကြောင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတဲ့ ဝန်ထမ်းတစ်ဦးချင်း စီတိုင်းကို မိမိအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ များနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကျေးလက် ရေပေးရေး၊ ကျေးလက် ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက် မီးလင်းရေးနဲ့ အခြားစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ Covid-19 Economic Relief Plan (CERP)အရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနဲ့ တွေ့ကြုံ ရတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။

အဲဒီနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများရဲ့ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(၁၇)ခုမှ ဦးစီး မှူးများ တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။

သတင်း - သန်းလွင် (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage