ပင်လည်ဘူးမြို့၌ Cash for Work စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရန် ကော်မတီဝင်များအား သင်တန်းပို့ချ

ပင်လည်ဘူး ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် Cash for Work စီမံကိန်း ကျေးရွာ ကော်မတီဝင်များကို ဇွန်လိုင်လ ၂၁ ရက်နေ့က မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ သင်တန်း ပို့ချ ဖွင့် လှစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သင်တန်းတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ထွန်းဇော်မှ သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ Cash for Work စီမံကိန်း ကော်မတီဝင်များအား စီမံကိန်း လုပ်ငန်းအပေါ် နားလည် သဘောပေါက်စေရန် လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား နားလည် သဘောပေါက်စေရန် ဖြည့်သွင်းရမည့် စောင့်ကြည့် ကြီးကြပ်မှု ပုံစံများ ဝယ်ယူရေး ပုံစံများနှင့် ဘဏ္ဍာရေး ပုံစံ များအပေါ် နားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သင်တန်းတွင် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သတ်၍ မရှင်းလင်း နားမလည်တာများ ရှိပါက တင်ပြဆွေးနွေး ပြောကြားပေးကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

သင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ် ပို့ချမှာ ဖြစ်ပြီး၊ သင်တန်းတွင် Cash for Work စီမံကိန်း ကျေးရွာ ၆ ရွာမှ ကော်မတီဝင် ၄၂ ဦး တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။

သင်တန်းတွင် ကျေးရွာ စီမံကိန်း ကော်မတီဝင်များ လုပ်ငန်းများနှင့် ပတ်သတ်၍ နားလည် သဘောပေါက်စေရန် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက Projector ဖြင့် ပြသရှင်းလင်း ပြောကြား ပို့ချခဲ့ကြောင်း၊ Cash for Work စီမံကိန်းတွင် Covid-19 ရောဂါကာလအတွင်း ဝင်ငွေ ရရှိစေရေးအတွက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်အားခကို ငွေကျပ် သိန်း ၆၀ နှင့် ပစ္စည်းတန်ဖိုးခ ကို ငွေကျပ် သိန်း ၄၀ နှုန်းဖြင့် တစ်ရွာလျှင် ငွေကျပ် သိန်း တစ်ရာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများအတွက် ကျေးရွာ ၉ ရွာမှ စီမံကိန်း ကော်မတီဝင်များကိုလည်း ဆက်လက် သင်တန်း ဖွင့်လှစ် ပို့ချပေးသွားမည် ဖြစ်ကြောင်းကိုလည်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။

မျိုးလွင် (ပင်လည်ဘူး- ပြန်/ဆက်)

https://web.facebook.com/MOIWebportalMyanmar/videos/592936731370018/?t=0