ခရမ်း မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

နိုင်ငံတော်မှ ချမှတ်ထားတဲ့ ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်း ခရိုင် ခရမ်း မြို့နယ် ကုလားကြီးတဲစု ကျေးရွာ Cash for Work စီမံကိန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်တဲ့ ကျီးပင်စု ကျေးရွာ ဂဝံလမ်းဆောင်ရွက် ပြီးစီးမှု ကုလားကြီးတဲစု ကျေးရွာ မြေသားရေကန် ခြံစည်း ရိုး ကာရန်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု၊ တိုင်းဒေသကြီး အစိုးရ ဖြည့်စွက် ခွင့်ပြု ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ တာပွန်ကန် ကျေးရွာ မြေသား ရေကန် အနက်နှိုက် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို စက်တင်ဘာလ ၄ ရက်နေ့က တောင်ပိုင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ် ဦးစီးမှူး ဦးစတင်မျိုးလွင်နဲ့ မြို့နယ် စီမံကိန်း တာဝန်ခံ တို့မှ ကွင်းဆင်း ကြည့်ရှု့ပြီး ကျေးရွာ ကော်မတီဝင်များနဲ့ တွေ့ဆုံကာ လိုအပ်သည်များကို ကွင်းဆင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

 

သတင်း - မင်းချစ်သူ (ခရမ်း ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage