အိမ်မဲမြို့နယ် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work and Village Revolving Fund Project Activities in Einme Completed 100 Percent

Ayeyarwaddy, SkyNet Media Coverage

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်မှာ CERP အစီအစဉ်အရ Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၃၀၀ နဲ့ ကျေးရွာ (၁၃) ရွာမှာ စုစုပေါင်း လုပ်ငန်း ၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းနဲ့ (Type-1) ၊ (Type-2) ကျေးရွာ တစ်ရွာစီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ရာ ကျေးရွာ ၁၅ ရွာမှာ လူဦးရေ ၁၅၀၀ ကျော် အကျိုးခံစားနိုင်မှာ ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/M0ANic2GPrY