Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းနှင့် ငွေစာရင်းထိန်းသိမ်းမှု သင်တန်း ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ မြင့်မားလာစေဖို့အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွေကို နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ထားရှိကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာမှာ လတ်တလော ကာလအတွင်းမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan /CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ဖို့ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း (VRFP)နဲ့ Cash For Work စီမံကိန်းတွေကိုစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြို့နယ်အတွင်းက ကျေးရွာတွေကို Cash For Work စီမံကိန်းဝင် ကျေးရွာများအဖြစ် ကျေးရွာပေါင်း(၁၂) ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ခွင့်ပြုချက်ရရှိပြီးဖြစ်လို့ အဆိုပါ စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနဲ့ ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

"ကျေးရွာကော်မတီတွေ ဖွဲ့စည်းပေးပြီး ကော်မတီအဖွဲ့ဝင်တွေကို သင်တန်းပေးဖို့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတ ွေရွေးချယ်ပေးဖို့ကို ဆက်လက်ဆောင်ရွက်ပေးသွားရဦးမှာဖြစ်ပြီး Cash For Work စီမံကိန်းအရ COVID-19 ကာလအတွင်းမှာ ကျေးရွာတွေက နေ့စားအလုပ်သမားတွေရဲ့ စားဝတ်နေရေးကိုအထောက်အကူဖြစ်စေဖို့ ကျေးရွာတွေကို စီမံကိန်းရန်ပုံငွေတွေ ချထားပေးမှာဖြစ်ပါတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ကြတဲ့အခါမှာ လုပ်အားခကို(၆၀)ထိ သုံးစွဲခွင့်ရမှာဖြစ်လို့ ကျေးရွာအတွင်း အမှန်တကယ် လုပ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီမံကိန်းပဲဖြစ်ပါတယ်၊ ဘဏ္ဍာရေးနှစ်မကုန်ခင် အတွင်း လုပ်ငန်းအားလုံး အပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ် " လို့ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြို့နယ် ်ဦးစီးမှူး ‌ဒေါ်ခင်ဇာဝင့်ကပြောပါတယ်။

ကျေးရွာမတည်ရန်ပုံငွေ (Village Revolving Fund Project/VRFP) စီမံကိန်းဆိုတာကတော့ ကျေးလက် ဒေသတွေအတွက် COVID-19ကာလအတွင်း စီးပွားရေးကုစားမှု အထောက်အကူဖြစ်စေဖို့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်တွေအပေါ် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းအဖြစ် Type 1၊ Type 2၊Type 3 ဆိုပြီး ရွေးချယ် ဆောင်ရွက်ပေးမယ့် စီမံကိန်းဖြစ်သလို Type 1အနေနဲ့ စီမံကိန်း ရန်ပုံငွေကျပ်သိန်း(၃၀၀)၊ Type 2အနေနဲ့ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၂၀၀)နဲ့ Type 3မှာတော့ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဆိုပြီး မတည်ရန်ပုံငွေတစ်ရပ်ဆီ ချမှတ်ထူထောင်ဆောင်ရွက်ပေးသွားမယ့် စီမံကိန်းတစ်ရပ် လည်းဖြစ်ကြောင်း သိရပါတယ်။

ပခုက္ကူမြို့နယ်အတွင်းကတော့ Type 2အနေနဲ့ ကျေးရွာ (၃) ရွာနဲ့ Type 3 အနေနဲ့ ကျေးရွာ(၁၀)ရွာ ၊ စုစုပေါင်း ကျေးရွာ(၁၃)ရွာကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိမှာတော့ စီမံကိန်းတွေကို စတင် အကောင်ထည်ဖော ်ဆောင်ရွက်နေပြီဖြစ်သလို သတ်မှတ်ကာလအတွင်းလည်း ပြီးမြောက်အောင် ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ် ။

#CERP

#CFW

#DRD

#MOALI

သတင်းအပြည့်အစုံကို UpToDate Channel တွင်ကြည့်ရှုနိုင်ပါသည်။

သတင်း - သော်တာထက်

#မုံရွာရုံးခွဲ

#UpToDateChannel

#SKYNET

https://web.facebook.com/skynetutd/posts/1546500298888018?_rdc=1&_rdr