ဖယ်ခုံမြို့နယ် ကျေးရွာ ၇ ရွာနှင့် ပခုက္ကူမြို့နယ် ကျေးရွာ ၁၂ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီး

Cash for Work Activities in 7 Villages of Pekon and 12 Villages of Pakokku Completed

Shan & Magway, SkyNet Media Coverage

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း ပီကင်းလုံးဖီ၊ စနှိုက်ပရေခို၊ ကာလနောက်၊ ရန်ခူး၊ မယ်စုံ(တောင်)၊ မယ်စုံ(မြောက်)၊ ဘူးဗျ ကျေးရွာတို့မှာ Cash for Work စီမံကိန်း ပံ့ပိုးငွေ ကျပ် သိန်း ၇၀၀ နဲ့ လုပ်ငန်းခွဲ ၇ ခုတို့ကို ကျေးလက်နေ ပြည်သူတွေ ကိုယ်တိုင် ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးကျော်စွာထံမှ သိရပါတယ်။

ပခုက္ကူမြို့နယ် ကျေးရွာ ၁၂ ရွာမှာလည်း Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ များနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လမှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၂၀၀ ဖြင့် ပခုက္ကူမြို့နယ်တွင်း ကျေးရွာတွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းခွဲပေါင်း ၁၆ ခုတို့ကို ချက်ချင်း လုပ်အားခ ပေးချေ စနစ်ဖြင့် ကျေးရွာနေ ပြည်သူလူထု ကိုယ်တိုင် ရာနှုန်းပြည့် ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဇာဝင့်ထံမှ သိရပါတယ်။