ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနဲ့ အဖွဲ့ တောင်ငူမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနဲ့ အဖွဲ့ဟာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက တောင်ငူမြို့နယ် ထန်းကုန်း ကျေးရွာမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ကြည့်ရှု့ စစ်ဆေးရာမှာ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်းက တိုင်းအတွင်းမှာ ရှိတဲ့ ကိုဗစ် ကာလ စီးပွားရေး ထိခိုက်မှု ကုစားရေး စီမံချက် (CERP) အရ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်း တင်ပြခဲ့ပြီး၊ မြို့နယ် ဦးစီးမှူး ဒေါ်ငုဝါထွေးက တောင်ငူ မြို့နယ်အတွင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

 

အဲဒီနောက်မှာ ဝန်ကြီး ဦးအောင်သူက စီမံကိန်း နဲ့ ဆောင်ရွက်နေတဲ့ ကျေးရွာတွင်းလမ်း ခင်းတာ၊ လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးဖော်တာ ကျေးရွာတွင်း မီးတိုင်တွေကို ကွန်ကရစ် အုတ်မြစ်လောင်းတာ စိုက်ပျိုး ရေထုတ် ရေသွင်းမြောင်းတွေ တူးဖော်တာ စတဲ့ လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်တာတွေ ဖြည့်စွက် မှာကြားခဲ့ပါတယ်။

 

သတင်း - ခင်ကို (ကျောက်တံခါး)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage