ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့ ရန်ကုန်တောင်ပိုင်း ခရိုင်ရှိ စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ တာဝန်ရှိသူများ အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အတွင်း Cash for Work နဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ထားရှိမှုကို ဩဂုတ်လ ၁ ရက်နေ့ မနက် ၉ နာရီက ကွင်းဆင်း ကြည့် ရှု့ စစ်ဆေးခဲ့ပါတယ်။

ရှေးဦးစွာ ကုလားတန်း ကျေးရွာ အုပ်စု သံတဲကျေးရွာ ပင်လယ် ကမ်းခြေရှိ ယာယီ ရှင်းလင်းဆောင်မှာ လူထု ဗဟိုပြု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကမ်းခြေ သာယာ လှပရေး၊ အမှိုက်များ စနစ်တစ်ကျ စွန့်ပစ်မှုနဲ့ ကျေးရွာ Master Plan ရေးဆွဲပြီး၊ ပြင်ဆင်သွားရန်နှင့် ကမ်းခြေ ခရီးသွား လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ဆက်လက်ပြီး ဇွဲကနာကျေးရွာ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲပြီး မီးရှို့ နေမှုများ၊ ကလေး အားကစားကွင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာတော့ ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဟာ ဝဲကြီးကျေးရွာအုပ်စု ညောင်ဝိုင်းလေး ကျေးရွာ ယာယီ ရှင်းလင်းဆောင်မှာ Cash for Work နဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း စတင်ဆောင်ရွက်ထားရှိမှုများကို ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွ မြို့နယ်တို့မှာ မြို့နယ် ဦးစီးမှူးနဲ့ တာဝန်ခံ အင်ဂျင်နီယာတို့က ဆောင်ရွက်ထားရှိမှုနဲ့ ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြရာမှာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ပြီး စီမံကိန်း လုပ်ငန်းများအပေါ် ကျေးရွာ ကော်မတီများနဲ့ ဆွေးနွေးပြီး၊ လည်ပတ်ထိန်းသိမ်းရေး လုပ်ငန်းများကို မှာကြားခဲ့ပြီး၊ ညောင်ဝိုင်းလေး ကျေးရွာရှိ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ဒီရေတောပင် စိုက်ပျိုးခြင်း၊ ရေနုတ်မြောင်း တူးဖော်နေမှုနဲ့ ရေကန် ခြံစည်းရိုး ကာရန်ခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - ဒေါ်ခင်ဆွေဝင်း (ကျောက်တန်း)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage