Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည်ရန်ပုံငွေ လုပ်ငန်းတွေ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း စည်းဝေး

Nay Pyi Taw, 6 August 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ လုပ်ငန်းတွေ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ်လ ၅ ရက်နေ့ မနက် ၉ နာရီ အချိန်က တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတွေနဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို Video Conferencing စံနစ်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပထမ ဦးစားပေးအနေနဲ့ မိမိတို့ ဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းတွေကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီ နေထိုင် ကြစေလို ကြောင်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မိုးတွင်း ကာလ ဖြစ်တဲ့အတွက် အထူး ဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်းနဲ့ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးတွေ အနေနဲ့ ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေတွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်း ရပ်တွေ ပြီးစီးမှု အခြေအနေ Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပြောကြားပါတယ်။

ဆက်လက်ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတွေက ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေတွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်တွေရဲ့ ပြီးစီးမှု အခြေအနေတွေရဲ့ Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက် ပြီး စီးမှု အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ အားနည်းချက် အားသာချက်တွေကို ရှင်းလင်းတင်ပြကြရာ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။

အဲနောက်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ်တွေက တိုင်းဒေသကြီး ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှူးတွေရဲ့ တင်ပြချက်တွေ အပေါ်မှာ ကဏ္ဍအလိုက် လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆွေးနွေးပြီး၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ Video Conferencing စံနစ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေ၊ ဒုတိယ ညွန်ကြားရေးမှူးတွေ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၁၇ ခုက ဦးစီးမှူးတွေ တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

သတင်း - သန်းလွင် (မကွေး)

Credit- SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI