တီးတိန်မြို့နယ်အတွင်း ဆောင်ရွက်သည့် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Tedim Completed 100 Percent

Chin, 25 September 2020, Ministry of Information

တီးတိန် စက်တင်ဘာ ၂၅

တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တီးတိနိမြို့နယ်အတွင်း Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ကျေးရွာ(၃၅)ရွာတွင် လမ်းတာချဲ့ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း၊ ရေမြောင်းဖောက်လုပ်ခြင်း၊ ရေပိုက်လိုင်းအသစ်သွယ်တန်းခြင်း၊ ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း၊ ဆိုင်ကယ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်း၊ သဲကြမ်းခင်းခြင်း၊ ဘော်လုံးကွင်း ပြုပြင်​​ခြင်းလုပ်ငန်းတို့ ဆောင်ရွက်ပြီး ကျေးရွာရှိ ဒေသခံပြည်သူများကို ကျေးရွာ ဖွံ့ဖြိုးရေးနှင့် လုပ်အားခဝင်​​​ငွေ ရရှိနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဤစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများအတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေး အခက်အခဲများ ကုစားပေးရန် နိုင်ငံတော်က ချမှတ်ထားသည့် အစီအစဉ်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်ကာ ယခုတွင် လုပ်ငန်းများအားလုံး စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း‌ သိရသည်။

ပေါင်ကျင့်မုန်(ပြန်ဆက်)

ချင်းပြည်နယ်

https://www.moi.gov.mm/iprd/news/12975