ပိုင်ကျုံမြို့တွင် Cash for Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာကော်မတီများဖွဲ့စည်း

ပိုင်ကျုံ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့က ပိုင်ကျုံမြို့တွင်းရှိ ကျေးရွာ(၄)ရွာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဝင်ငွေနည်းပါးသည့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖော်ဆောင်ပေး ခြင်းဖြင့် ပုံမှန် ဝင်ငွေ ရရှိစေရန်၊ လမ်းတံတားနှင့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကျေးလက်ဒေသများရှိ ပြည်သူများအား မိမိတို့ကျေးရွာ၏ ထုတ်ကုန်လုပ်ငန်း များကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို မိတ်ဆက်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash for Work စီမံကိန်းကော်မတီအား အဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျေးရွာကော်မတီများက တာဝန်ယူ၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

စောpဖိုး(ပြန်/ဆက်)

#CERP

#CFW

#DRD

#MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/10/07/2020/id-23499