ရှားတော မြို့နယ် အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများ ကျေးရွာ ၇ ရွာမှာ ဆောင်ရွက်ပြီးစီး

Cash for Work Activities in 7 Villages of Shadaw Completed

Kayah, SkyNet Media Coverage

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးစောဒီးဒီ၊ ရှားတော မြို့နယ် မြို့နယ် ဦးစီးမှူး ဦးထွေးအောင် (တာဝန်ခံ အင်ဂျင်နီယာ)၊ ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ Cash for Work (CFW) စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ပွန်ချောင်း၊ ဒေါဝယ်ရော၊ တေလဲ၊ ဒေါလဲဒူ၊ မြောက်ရွာ၊ စလောင်းနဲ့ ပန်လို ကျေးရွာစတဲ့ ကျေးရွာ ၇ ရွာမှာ CFW နဲ့ ဆောင်ရွက်ခဲ့တဲ့ ဖွံဖြိုးရေး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနဲ့ စာရင်း ဇယား ဖြည့်သွင်းထားရှိမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

Cash for Work စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု ကိုယ်တိုင် ဆောင်ရွက်စေပြီးတော့ လုပ်အားခ ချက်ချင်းပေးချေကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Credit – SkyNet Media Coverage

#CFW, #CERP, #DRD, #MOALI