ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ဖြင့် ကျေးရွာအတွင်းလမ်း ကျောက်ရောမြေခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး

ဟုမ္မလင်း သြဂုတ် ၂၁

 

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း လုပ်ငန်းများ ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းတောင်းကျေးရွာအုပ်စု၊ ရှမ်းမိုင်းတောင်းကျေးရွာနှင့် နောင်ရင်းကျေးရွာအုပ်စု၊ နောင်ရင်းကျေးရွာ (၂)ရွာတို့ကို ယမန်နေ့ မွန်းလွဲ (၂) နာရီက Cash For Word စီမံကိန်းဖြင့် ကျေးရွာအတွင်း လမ်းကျောက်ရော မြေခင်းခြင်း ဆောင်ရွက်နေမှုများကို ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စံချောချောခင်နှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

လင်းလင်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/5682