ပန်းတောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်) စက်ဝန်း ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

NCDDP’s Outputs in Padaung Monitored by Respective Officials

Bago, 18 December 2020, Ministry of Information

 

ပန်းတောင်း ဒီဇင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်း ဆောင်ရွက် ပြီးစီး သည့် စီမံကိန်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပဲခူးတိုင်း ဒေသကြီး၊ လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ နှင့်အတူ ပန်းတောင်းမြို့နယ် အတွင်း စီမံကိန်း ဆောင်ရွက် ပြီးစီးသော ရုံးပုကျေးရွာ၊ ရွှေညီနောင် ကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ ဘူးဘက် ကျေးရွာ၊ ဆေးတော ကျေးရွာ၊ ရှားဖြူကွင်း ကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ မြို့ကြီး ကျေးရွာနှင့် ကျောင်းဦး ကျေးရွာများသို့ ကွင်းဆင်း သွားရောက်၍ ကျေးရွာများတွင် ထိန်းသိမ်း ထားရှိရမည့် ဘဏ္ဍာရေး ဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု၊ ဝယ်ယူရေး ဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက် ထားရှိမှု Infra လုပ်ငန်းများ အခြေအနေနှင့် Revised Estimate ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သင်းသင်းအေး(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25218