မောက်မယ်မြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း အတွက် ကျေးရွာအုပ်စုအဆင့် ရန်ပုံငွေခွဲဝေခြင်း အစည်းအဝေးကျင်းပ

NCDDP’s Village Tract Level Meeting Organized for Project Fund Allocations at Nam Lawt of Mawkmai

Shan, 19 October 2020, Ministry of Information

မောက်မယ် အောက်တိုဘာ ၁၉

လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း အတွက် ကျေးရွာအုပ်စုအဆင့် ရန်ပုံငွေခွဲဝေခြင်း အစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာအုပ်စု နမ့်လွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းပာန်ဖမှ အဖွင့်အမှာစကား ပြောကြားပြီး လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြံပေး ဦးမိုင်းဉာဏ်လင်းမှ အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထောက်ပံ့ရန်ပုံငွေခွဲဝေရာတွင် ကျေးရွာအလိုက်လူဦးရေအား အခြေခံပြီး ခွဲဝေခြင်းမပြုရန်နှင့် ကျေးရွာများ၏ အမှန်တကယ်လိုအပ်သော လုပ်ငန်းခွဲများအား စိစစ်ရွေးချယ်သွားရေးနှင့် တန်းတူညီမျှမှုဖြင့် မစဉ်းစားဘဲ သာတူညီမျှမှုဖြင့် ခွဲဝေသွားရန် အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် စည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများ က ကျေးရွာအလိုက် တင်ပြလာ သောလုပ်ငန်းခွဲများနှင့် ခန့်မှန်းကုန်ကျငွေများကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော အုပ်စု ကော်မတီဝင်များမှ ထောက်ပံ့ရန်ပုံငွေ ခွဲဝေခြင်း၊ အုပ်စုကော်မတီဝင်များ၊ ဘဏ္ဍာရေး ဆပ်ကော်မတီများနှင့် အုပ်စုဝေဖန်အကြံပြုတိုင်ကြားရေး ကော်မတီများအား ပြန်လည် အတည်ပြုရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၁၀)ရွာရှိပြီး ယခုလူထုဗဟိုပြု စီမံကိန်း(တတိယ)နှစ် စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ သန်း(၄၀)ဖြင့် ကျေးရွာခန်းမဆောင်လုပ်ငန်း (၂)ခု၊ ရွာတွင်းကွန်ကရစ်လမ်း (၂)ခု၊ ရွာတွင်းကျောက်ကြမ်းလမ်း (၁)ခုနှင့် ရွာတွင်းကျောက်ချောလမ်း (၁)ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း (၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေ (၂)ထောင်ခန့်အား အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မောက်မယ် (ပြန်/ဆက်)

ရှမ်းပြည်နယ်

https://www.moi.gov.mm/iprd/news/16977