လူထုဗဟိုပြု စီမံကိန်း စာသင်ကျောင်း ဆောက်လုပ်မှုကို တာဝန်ရှိသူများ ကြည့်ရှစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

 ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ပန်းဆံကျေးရွာအုပ်စု ပန်းဆံကျေးရွာ

မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေကို

မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်း ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ဆောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊

မကွေးတိုင်း လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊ ဂန့်ကောခရိုင် ကျေးလက်ဒေသက

ညွှန်ကြားရေးမှူး ဦးဝင်းအောင်နဲ့ ဆောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးတို့က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ

ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် လူထုဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ၊ ရပ်မိရပ်ဖတွေနဲ့

တွေ့ဆုံပြီး စာသင်ကျောင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြကာ လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ပါတယ်။

 

သတင်း- တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank